ထားဝယ် ဇူလိုင် ၂၃
နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID(Unique Identity) Smart Card များဖြင့် ပင်စင်လစာ ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အငြိမ်းစားဝန်ထမ်း ၂၇၉ ဦးကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးမှုအခြေအနေများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေး၊ ထားဝယ်ခရိုင်နှင့်မြို့နယ်ဦးစီးမှူးတို့က ကြည့်ရှုပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက Smart Card က မပြုလုပ်ရသေးသော နိုင်ငံဝန်ထမ်းအငြိမ်းစားများကို မြန်မာ့စီးပွားရေးဘဏ်၌ ဇူလိုင်လ ၃၁ ရက်နေ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)