ကလေးမြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ သဏ္ဌာန်တူ သရုပ်ပြသခြင်းများဆောင်ရွက်

ကလေး ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရေဘေး၊ မီးဘေး၊ ငလျင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောအသိပညာပေးဟောပြောခြင်း သဏ္ဌာန်တူသရုပ်ပြသခြင်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၃)အခြခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးမြို့နယ်စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ ဦးကျော်စိုးတင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြတ်ဇော်ထွန်းက ရေဘေး၊ ငလျင်ဘေးနှင့် ကလေးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးနှင့်တာဝန်ရှိသူများက မီးဘေး၊ ရေဘေး ဆိုင်ရာများ၊ စက်ပစ္စည်းများမိတ်ဆက်ခြင်းနှင့်စနစ်တကျ ထိရောက်မြန်ဆန်သော ကူညီကယ်ဆယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက်မီးသတ်တပ်ဖွဲ့ဝင်များမှကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ၊ ယာယီတဲများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို လက်တွေ့သဏ္ဌာန်သရုပ်ပြသခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ အ.ထ.က(၃) ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)