ကြံခင်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်နှင့် ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုတို့က အဖွင့်အမှာစကားပြောကြားပြီး၊ ဘက်ရဲတိုက် နယ်ဆရာဝန် ဒေါက်တာမျိုးအိအိထွန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးကျော်ကျော်ဆန်းတို့က သွေးလွန်တုပ်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်ဆောင်ရွက်ရေး ဟောပြောခြင်းနှင့်သွေးလွန်တုတ်ကွေး ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတို့အား Power Point ဖြင့် အသီးသီး ဆွေးနွေး ဟောပြောကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများ ပြန်လည်ဖြေကြားခဲ့သည်။
အလားတူ ကြို့ပင်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်နှင့် တာဝန်ရှိသူများကသွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျေးရွာသူ၊ ကျေးရွာသားများ၊ ပရဟိတအဖွဲ့များနှင့်တွေ့ဆုံ ကာ အသိပညာပေးဟောပြောခြင်း၊ ကျေးရွာအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းတို့ ကျေးလက်ကျန်းမာရေးဌာနနှင့် ပရဟိတအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်နေ မှုအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)