ရပ်စောက် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၃၆) ကျောင်းမှ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၂၄၃၉) ဦးအား ဇူလိုင်လအတွင်း အခြေခံကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် အာဟာရအခြေအနေ စစ်ဆေးပေးခြင်း၊ ပဏာမမျက်စိစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးကုသခြင်းနှင့် KG ကလေးငယ်များအတွက် သွားတိုက်ဆေး၊ သွားတိုက်တံထောက်ပံ့ခြင်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ သက်ဆိုင်ရာ ကျောင်းကျန်းမျာရေး ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျောင်းဈေးဆိုင်များအား သန့်ရှင်းမှု ရှိ/မရှိ၊ အာဟာရပြည့်ဝသော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ၊ တားမြစ်စားသောက် ကုန်များရောင်းချခြင်း မရှိစေရေးအတွက် ကြပ်မက်စစ်ဆေးခြင်းစသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မြို့နယ် ပြန်/ဆက်