ကြံခင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်

ကြံခင်း ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်း​မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (Biometric) အချက်အလက်ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ရုံးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ် ဆောင်​ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူရာ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန်အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique ID နံပါတ်ပါကတ်ပြားကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိသည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူရာ၌ ဇူလိုင်လ ၂၂ ရက်နေ့အထိ အချက်အလက်မှန်ကန်သူ ကျား ၃၀၃ ဦး၊ မ ၃၆၅ ဦးအား စုစုပေါင်း ၆၆၈ ဦးအား UID များ ထုတ်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရ သည်။

ဖြိုးဝေလင်း