ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ ယာဥ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယမန်နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ယာဥ်အန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့က တပ်ကြပ်ကြီး ဇော်မျိုးနိုင်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ယာဥ်အန္တရာယ်ကင်ရှင်းရေး လိုက်နာရမည့် အချက်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း\