မင်္ဂလာဒုံ စက်တင်ဘာ ၁၉
ကမ္ဘာတစ်ဝှမ်းဒုတိယအဖြစ်များဆုံးသော သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့နံနက် ၁၁ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က-၅ တွင် မင်္ဂလာဒုံပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီး၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသားနှင့်ထိတွေ့ဆက်ဆံပြီးနောက် ဖြစ်တည်လာတတ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ ထိုဗိုင်းရပ်စ်မဖြစ်ပွားမှီ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖွံ့ဖြိုးခါစအရွယ်ဖြစ်သော အသက် (၉) နှစ်မှ (၁၂) နှစ် မပြည့်သေးသည့် ကျောင်းသူ (၁၂၆) ယောက်အား တစ်ဦးလျှင် ဆေးတစ်လုံးစီထိုးနှံပေးခဲ့သည်။ ဆေးထိုးနှံပြီးနောက်တွင် မိနစ် (၃၀) အနားယူပေးရကြောင်းသိရပြီး မြို့နယ်ကြက်ခြေနီအသင်း၊ ကျောင်းဆရာ/ ဆရာမများနှင့် ပရဟိတအသင်းများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဌေးလင်း (မင်္ဂလာဒုံ)