သတင်းများ

မြောက်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 14,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည်စုံသောလူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က ပြင်ဈေးရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ(၁)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့၌ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ
Sep 14,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်ဈေးထက် သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယမန်နေ့ မွန်းလွဲပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ရှေ့နေရာ၌ စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
တမာကုန်ကုန်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Box Curvert တံတားတစ်စင်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Sep 14,2023
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် တမာကုန်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Box Curvert တံတားတစ်စင်း ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ခရိုင်အတွင်းရှိ တိုင်းရင်းသားပရဟိတ ပညာရေးကျောင်းများအား ဆန်နှင့်ဆီ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Sep 14,2023
၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ထားဝယ်ခရိုင်အတွင်းရှိ တိုင်းရင်းသားပရဟိတ ပညာရေးကျောင်းများအား ဆန်နှင့်ဆီ ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြိုတော်ခန်းမ၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
Sep 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့ တစ်ခုဖြစ်သော ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဧကဒဿမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 14,2023
၂၀၂၃ခုနှစ် စက်တင်ဘာ၁၃တွင် ကျရောက်သည့် ဧကဒဿမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ မိခင်နှင့်ကလေး၊ အမျိုးသမီး‌ရေးရာအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျေင်းသူများ တက်ရောက်ခဲ့သည်။
ကဝမြို့နယ်ရုံး လုထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးလုထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club)တို့ပူးပေါင်း၍ စာ‌ရေးဆရာဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေး‌နွေးပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
မြဝတီမြို့၌ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ဆောင်ရွက်
Sep 14,2023
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို “ရာသီဥတုပြောင်းလဲမှုလျော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်သည်။