သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့သည် လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စက်မှုဇုံလျာထားမြေနေရာအားသွားရောက် ကွင်းဆင်းကြည့်ရှု
Sep 14,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၈) နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စက်မှုဇုံ လျာထားမြေ နေရာအား ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
Sep 14,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်က ပေါက်ချောင်းရပ်ကွက်၊ မိတ္ထီလာမြို့နယ် အထွေထွေရောဂါကုဆေးရုံးကြီးရှိ သွေးလှူဘဏ်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 14,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းကျင်းပခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ က​လေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Sep 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Sep 14,2023
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပခဲ့ရာ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
မြေပုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်နှင့် ပညာရေး အသိပညာပေး Talk Show ပြုလုပ်
Sep 14,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်နှင့်ပညာရေး အသိပညာပေး Talk Show ပြုလုပ်သည်။
နတ်မောက်မြို့နယ်တွင် မိုးစပါး၊ ချည်မျှင်ရှည်ဝါ၊ နေကြာသီးနှံစိုက်တောင်သူများအတွက် ယူရီးယား ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေး
Sep 14,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူးပေးသည့် ယူရီယားဓာတ်မြေဩဇာများအား မြို့နယ်အဆင့် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရေးကော်မတီမှ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃) လုံးအား ထောက်ပံ့ငွေပေးအပ်
Sep 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် ဧရာဝတီမြစ်လက်တက် (ထွဋ်ချောင်း) ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကမ်းနှင့်နီးကပ်လျက်ရှိသည့် လူနေအိမ် (၃) လုံးကြိုတင်ပြောင်းရွှေ့ခဲ့ရာ အဆိုပါပြောင်းရွှေ့နေအိမ်များမှ မိသားစုများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။