မြဝတီမြို့၌ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ဆောင်ရွက်

မြဝတီ စက်တင်ဘာ ၁၄

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို “ရာသီဥတုပြောင်းလဲမှုလျော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk  Show) ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ဝေဝေလွင်က အိုဇုန်းလွှာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊  အိုဇုန်းလွှာ၏  အကျိုးပြုပုံ၊  ပျက်စီးရခြင်း အကြောင်းရင်းများနှင့် ထိန်းသိမ်းကာကွယ်ရန် နည်းလမ်းများကို အသေးစိတ် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)