သတင်းများ

ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club)အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Sep 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမခင်စောတင့်၏ "စွန့်စားမှုဆီ သို့ ခြေတစ်လှမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ကော့ကရိတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Sep 14,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များမှ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း’’စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့၌ ရွှေချောင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၈၂၉)ဧက ရေလုံလောက်စွာရရှိပြီဖြစ်
Sep 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ၏သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆည်များ၊ရေမြောင်းများနှင့် ရေပြွန်များ၊ မြောင်းဘောင်များနှင့် ရေကျအဆောက်အအုံများအား ဘဏ္ဍာနှစ်အလိုက် ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ရွှေချောင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် တောင်သူများ၏ သီးနှံမျိုးစုံစိုက်ဧက(၈၂၉)ဧက ရေလုံလောက်စွာရရှိပြီဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်
Sep 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Onlineမှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ဒေသနေပြည်သူများ လူကုန်ကူးမှုဆိုင်ရာအကြောင်း အရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေ ရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U-25 ကလပ်ပေါင်းစုံ) အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 14,2023
နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို ကျင်းပ ဆောင်ရွက်လျက်ရှိရာ ကာယဗလဖွံ့ဖြိုးရေးအတွက် စစ်တွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U-25 ကလပ်ပေါင်းစုံ) အမျိုးသားဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပကို ယမန်နေ့က စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၅၇၄-၁၄၇၅)ကွင်းတို့တွင် မိုးစပါးများ စိုက်ပျိုး
Sep 14,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၄-၁၄၇၅) ကွင်းတို့တွင် မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
မိုးရာသီကာလတွင် လိပ်သိုဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ ဈေးနှုန်းကျဆင်း
Sep 14,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး  နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်း များနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများမှာ နွေရာသီတွင် ဈေးကောင်းရရှိသော်လည်း မိုးရာသီကာလတွင် ဈေးများကျဆင်းလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး Talk Show ပြုလုပ်
Sep 14,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။