ကဝ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးလုထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club)တို့ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်ဦးကျော်သူမိုးက စာရေးဆရာဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း"စာအုပ်မှ "အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး ဦးစည်သူအောင်(Book Club)အဖွဲ့ဝင်က ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးတင့်နိုင်(Book Club)အဖွဲ့ဝင်က ပညာရေးအစ စာအုပ်များဖြင့် အစပြုပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအောင်နေထွဋ်(Book Club)အဖွဲ့ဝင်က လူငယ်နှင့်အမြင်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသော စာပေချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များက မိမိတို့သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)