သတင်းများ

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်း ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ‌များအား လယ်ကိုင်းဘုန်းတော်ကြီး ကျောင်းသာသနာ့ဗိမ္မာန်တော်ကြီးတွင် စက်တင်ဘာလ (၁၂)ရက်နေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင်တင်‌ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ စက်တင်ဘာလ ၁၂ ရက်နေ့၊နံနက်(၉)နာရီက မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့‌ကြကြောင်း သိရသည်။  
မြစ်သားမြို့နယ် ခရုတုတ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Sep 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် ဇူလိုင်လ (၁၆) ရက်နေ့မှ စ၍ အခမဲ့ ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရုတုတ်ကျေးရွာ အုပ်စု၊(အ.မ.က) ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း‌မြောက်ရပ်ကွက်ရှိ (M.E.C)ကျောင်းနှင့် အောင်ချမ်းသာရပ်ကွက်ရှိ (Green Hills)ကျောင်းတို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ ၊  နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ကျောင်းကျန်းမာရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ
Sep 14,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်
ပုလောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Sep 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများဆောင်ရွက်
Sep 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ပြပွဲနှင့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။