မော်လမြိုင် စက်တင်ဘာ ၁၄
၂၀၂၃ခုနှစ် စက်တင်ဘာ၁၃တွင် ကျရောက်သည့် ဧကဒဿမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျေင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်က စတင်သတ်မှတ်ခဲ့ပြီး လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အများဆုံးတွေ့ကြုံရသည့် ပုံစံများကတော့ အဓမ္မလက်ထပ်ထိမ်းမြားခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အငှားကိုယ်ဝန်ဆောင်စေခြင်း၊ ကလေးသူငယ်များကို မွေးစားခြင်း/ ရောင်းစားခြင်းတို့ကို တွေ့ရမှာဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား မွန်ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေကလည်းကောင်း၊ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးမြတ်သွင်ကလည်းကောင်း၊ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်၊ မွန်ပြည်နယ်ဥပဒေရုံး၊ ညွှန်ကြားရေးမှူး ဒေါ်မိုးနှင်းလွင်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး၊ တက်ရောက်လာသော ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ အခမ်းအနားတွင် ခင်းကျင်းပြသထားသော လူကုန်ကူးမှုတာဆီးကာကွယ်ရေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို တက်ရောက်လာသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)