ညောင်တုန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးထွန်းက သဘာဝဘေး ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအား လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင်စေရန် အတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိမှု၊ ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)