သတင်းများ

လယ်ဝေးမြို့နယ် ပညာ့အလင်းစာကြည့်တိုက်နှင့် ပညာပန်းခင်းစာကြည့်တိုက်ဖွင့်ပွဲများ ကျင်းပ
Jul 25,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာပညာ့အလင်းစာကြည့်တိုက်နှင့် ပေါက်မြိုင်ကျေးရွာ၊ ပညာပန်းခင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ဖွင့်လှစ်သည်။
“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်”မှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့်လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 25,2025
“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” မှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး၊ မသာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ်၊ (၁၀)မြောက်ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ U Energy သဘာဝဓာတ်ငွေ့စက်ရုံတွင် ကျင်းပသည်။
ချောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ​ မိုးရာသီစိုက်ပျိုးစရိတ်​ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jul 25,2025
မ​ကွေးတိုင်းဒေသကြီး၊​  ချောက်ခရိုင်၊​ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက်၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရသစ်ကျေးရွာအုပ်စုရှိ ရသစ်၊ မကျီးစောက်(ရှေ့)(နောက်)၊ အလယ်ရွာ၊ ပုဂံစုရွာသစ်ကျေးရွာများမှတောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က ရှစ်မျက်နာဘုရားဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။
ဂန့်ဂေါမြို့၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေကြီးခြင်းဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယမန်နေ့ညနေ ၃ နာရီအချိန်က ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်တောင်ပိုင်းရှိ လောင်ထောင်ချောင်းဘေးမှနေအိမ်များသို့ သွားရောက်၍ ရေဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
လှည်းကူး၊ မှော်ဘီနှင့် ထန်းတပင်မြို့နယ်များရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာများပေးအပ်ပွဲ ကျင်းပ
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့်တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder) ၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မရေတင်ပန့်နှင့် ဆိုလာ (၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စုရှိ GBS ဝန်းအတွင်းရှိ ခန်းမတွင် ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ သဘာဝဘေး ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ပြင်ဆင်ထားရှိမှုနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jul 25,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီးနှင့် ရာဇသိင်္ဂဟလမ်းမကြီးများသို့ သွားရောက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင် လူအင်အား၊ စက်ယန္တရားအင်းအား တိုးမြှင့်ပြီး အင်တိုက်အားတိုက်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Jul 24,2025
ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်က လွိုင်ကော်မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများ၊ ဘီလူးချောင်း ရေဝင်ရောက်မှုအခြေအနေများ၊  မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။