ဆီဆိုင်မြို့နယ်၌ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဆီဆိုင် ဇူလိုင် ၂၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံပေးအပ်သော ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးခြံရှိခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ကျော်ရန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကြင်က ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါ်သက်သက်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများကို အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေအပ်သည့် ပုလဲမြေဩဇာ (၁၀၀) အိတ်၊ ကွန်ပေါင်းမြေဩဇာ (၁၀၀) အိတ်၊ သဘာဝဓာတ်မြေဩဇာ (၂၀၈)အိတ်နှင့် မျိုးစေ့ချကိရိယာ (၅)ခုတို့ကို ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်မွန်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာအုပ်စုနှင့် ပါလောပါကယ်ကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူများအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)