လပွတ္တာမြို့နယ်တွင် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကျင်းပ

လပွတ္တာ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ် ပြင်အလန်းကြိုးဝိုင်း၊ အကွက်အမှတ်(၇၆)တွင် ပြင်စလူမြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်နှင့်အဖွဲ့များ၊ သစ်ပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ်များ၊ အ.ထ.က သစ်ပုတ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ၊ သစ်ပုတ်ကျေးရွာရှိ ဒေသခံပြည်သူများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝင်းနိုင်နှင့် သစ်တောဝန်ထမ်းများမှ ဒီရေတောပျိုးပင်များဖြစ်သည့် သမဲ့ကြီး (၆၅၀) ပင်၊ ဗြူးအုပ်ဆောင်း(၆၅၀)ပင်၊ စုစုပေါင်း ပျိုးပင် (၁၃၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)