ရပ်စောက်၌ မြို့မဈေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရပ်စောက် ဇူလိုင် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ မြို့မဈေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် အသင်းသဘာပတိ ဦးမြင့်သိန်းကအသင်း၏ ‌ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဝင့်က မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ထို့နောက် အသင်း၏ဒုတိယဥက္ကဋ္ဌ အုပ်ချုပ်မှုဒါရိုက်တာနှင့် အသင်းစာရင်းစစ်တို့မှ ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသော အသင်းသား (၄၈၃) ဦးတို့အား အစည်းအဝေးစရိတ်နှင့် ထောက်ပံ့ငွေစုစုပေါင်းကျပ် (၁၅၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ယခုဘဏ္ဍာရေးနှစ်အတွင်း အစုပေါ်ကျပ် (၃၉၀)သိန်းတို့ကို ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)