ညောင်တုန်းမြို့ သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီး၌ (၁၅၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်း‌တော်ကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ညောင်တုန်း မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ သမိုင်းဝင်မိုးဟုတ်စေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၅၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်း‌တော်ကြီးလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွမ်း‌တော်ကြီးလောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက မြို့နယ်အတွင်းရှိ ကျောင်းတိုက် (၇၈) တိုက်မှ သံဃာတော် (၁၉၈) ပါးနှင့် သီလရှင် (၂၇) ပါးတို့အား ဆွမ်းဆန်‌တော်နှင့် လှူဖွယ်ဝတ္ထုများ စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)