မိုးညို မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခု၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၆၄၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်း မတ်လ (၁၇) ရက်နေ့မှ မတ်လ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မိုးညိုမြို့နယ်အတွင်းရှိ အ.ထ.က(မိုးညို) စာစစ်ဌာနတွင် ကျောင်းသား ၇၃ ဦး၊ ကျောင်းသူ ၁၂၄ ဦး၊ ပေါင်း ၁၉၇ ဦး၊ အ.ထ.က (ထိန်တော) စာစစ်ဌာနတွင် ကျောင်းသား ၄၆ ဦး၊ ကျောင်းသူ ၇၉ ဦး၊ ပေါင်း ၁၂၅ ဦး၊ အ.ထ.က(ရေကင်း) စာစစ်ဌာနတွင် ကျောင်းသား ၄၀ ဦး၊ ကျောင်းသူ ၄၀ ဦး၊ ပေါင်း ၈၀ ဦး၊ အ.ထ.က(ပတ္တော်) စာစစ်ဌာနတွင် ကျောင်းသား ၇၅ ဦး၊ ကျောင်းသူ ၇၉ ဦး၊ ပေါင်း ၁၅၄ ဦး၊ အ.ထ.က(ဆင်မနိုင်) စာစစ်ဌာနတွင် ကျောင်းသား ၄၀ ဦး၊ ကျောင်းသူ ၄၈ ဦး၊ ပေါင်း ၈၈ ဦး၊ တစ်မြို့နယ်လုံးအတွင်းရှိ စာစစ်ဌာန ၅ ခုတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ၂၇၄ ဦး၊ ကျောင်းသူ ၃၇၀ ဦး၊ စုစုပေါင်း (၆၄၄)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါစာမေးပွဲကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)