မိုင်းယောင်း စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်ကျေးရွာနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာတို့တွင် ပြည်နယ်ဝန်ကြီးချုပ်၏ စီမံမှုဖြင့် ကြိုးတံတားတည်ဆောက်နိုင်ရေးနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သည့် အခြေခံပညာကျောင်း ၁၀ ကျောင်းအား အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစေရေး၊ အချိန်မီပြီးစီးရေး ညှိနှိုင်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ မုန်းလိုက်၊ တာကြန့်၊ မိုင်းလွေကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း