ပင်လောင်းမြို့၌ ပါဠိပထမပြန်စာမေးပွဲနှင့် ပရိယတ္တိသာသနပါလ စာပွဲတော်အတွက် အစည်းအဝေး ကျင်းပ

ပင်လောင်း စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ခရစ်နှစ် ၂၀၂၄ ခုနှစ်တွင် ပထအကြိမ် စတင်ကျင်းပမည့် နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာဖြေဌာနနှင့် ပရိယတ္တိသာသနပါလ စာပွဲတော်အတွက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ရင်းမှီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အစည်းအဝေးကို ဗုဒ္ဓဝန္ဒနာ နမောတဿ ဂါထာ သုံကြိမ် ရွတ်ဖတ်ပူဇော်၍ ဖွင့်လှစ်ပြီး၊ သဘာပတိဆရာတော် ရင်းမှီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ၊ ဥက္ကဋ္ဌ ဆရာတော် တီကျစ်မြို့မ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝိလာဘ၊ နောင်တရားပရိယတ္တိစာသင်တိုက်ဆရာတော်၊ ပြင်သာကျောင်းတိုက်ဆရာတော်၊ ပင်ခွန်ကျောင်းတိုက်ဆရာတော်တို့က ဩဝါဒအမှာစကား ချီးမြှင့်တော်မူကြသည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က သာသနာရေးဆိုင်ရာများ၊ အကြံညဏ်ကောင်းများနှင့် မြို့နယ်လုံးဆိုင်ရာ သာသနာ့  ဥပထမ္ဘကအဖွဲ့၏ အမည်စာရင်းများ လျှောက်ထားဖတ်ကြားခဲ့ပြီး၊ ထီဗိကျောင်းတိုက်ဘဒ္ဒန္တသုပညာစာရက ပါဠိပထမပြန်စာမေးပွဲနှင့် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလ စာပွဲတော်အတွက် လိုအပ်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ နောင်တရားပရိယတ္တိစာသင်တိုက် စာချကထိက ဘဒ္ဒန္တကုမာရက မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလ စာပွဲတော် ၏ ပြဋ္ဌာန်းကျမ်းစာများ ဖတ်ကြားလျှောက်ထားခြင်းကိုလည်းကောင်း၊ နန်းဟူးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တလာဘသာမိက မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဝန်ဆောင်သံဃာတော်များမှ ရန်ပုံငွေကိစ္စရပ်များ လျှောက်ထားခြင်းကိုလည်းကောင်း အသီးသီး လျှောက်ထားကြသည်။ 

ယင်းနောက် သဘာပတိဆရာတော် ရင်းမှီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမက နိဂုံးချုပ်ဩဝါဒမြွက်ကြားချီးမြှင့်တော်မူပြီး၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ဂါထာသုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)