စလင်း စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ စလင်းမြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယမန်နေ့နေ့လည်ပိုင်းက ဇီးဖြူပင်ကျေးရွာအုပ်စု တောင်သူ(၁၂၀)ဦး၊ ဆိပ်ကြီးကျေးရွာအုပ်စုမှ တောင်သူ(၈၆)ဦး၊ စိုက်ပျိုးဧက (၁၀၄၈)ဧကအတွက် ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁၀)အုပ်စုတို့မှ တောင်သူများ၏ စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးနိုင်ခဲ့ပြီး ယနေ့အထိ ကျေးရွာအုပ်စု(၈၇)အုပ်စုတို့မှ တောင်သူ(၉၉၆၀)ဦးတို့အား စပါးစိုက်ပျိုးရန်(၂၉၇၁၂)ဧက၊ ချည်မျှင်ရှည်ဝါ စိုက်ပျိုးရန် (၁၆၈၃)ဧက ၊နှမ်းစိုက်ပျိုးရန်(၅၇၃၈)ဧက ၊မြေဲစိုက်ဧက(၁၈၉)ဧက၊ စုစုပေါင်း စိုက်ပျိုးဧက (ဧကအတွက်ဧက(၃၇၃၂၂) ငွေကျပ်(၆၃၀၁၇.၀၀))ကျပ်ကို ထုတ်ချေးပေးနိုင်ခဲ့ပြီဖြစ်သည်။စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကအတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့်၂၀၂၄၊ခုနှစ်၊ ဧပြီလ နောက်ဆုံးထား ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများကိုလဲ ဆက်လက်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ သိရှိရသည်။
(မောင်လွင်)စလင်း