ရေစကြို စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် မူလတန်းကြိုသားငယ်/သမီးငယ်များအား ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပြုလုပ်သည်။
အဆိုပါပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်လူကြီးများအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ ဦးညီညီအောင်၊ အ.မ.က(ရွာဘိုး) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်တို့မှ အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ပြီး မူလတန်းကြိုသားငယ်/သမီးငယ်များမှ ပုံပြောပြိုင်ပွဲ၊ အင်္ဂလိပ်ကဗျာစွမ်းရည်ပြိုင်ပွဲ၊ ကလေးတစ်ဦးချင်း းကဗျာရွတ်ဆိုစွမ်းရည်ပြိုင်ပွဲ၊ အုပ်စုလိုက်သီချင်း ဆိုစွမ်းရည်ပြိုင်ပွဲ၊ ပန်းချီစွမ်းရည်ပြိုင်ပွဲ များကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော သားငယ်/သမီးငယ်များ၏ အမည်များကို ကြေညာခြင်းများ ဆောင်ရွက်သည်။
အဆိုပါပြိုင်ပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ ဦးညီညီအောင်၊ အ.မ.က (ရွာဘိုး) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်၊ မူလတန်းကြို သားငယ်/သမီးငယ်များ၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်လုလင် (ရေစကြို)