ဆီဆိုင် စက်တင်ဘာ ၂၆
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆီဆိုင်-လွိုင်ကော် သွားလမ်းပေါ်၊ မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ သတင်းရဲတပ်ဖွဲ့(ဆီဆိုင်)မှ ရဲအုပ် လှိုင်ဝင်းအောင်၊ အထူးစုံစမ်းစစ်ဆေးရေးဌာန(ဆီဆိုင်လှုပ်ရှားရုံး)မှ စုံစမ်းရေးမှူး ဦးခိုင်ဖြိုးဝင်း၊ စစ်ဘက်ရေးလုံခြုံရေးတပ်စု(ဆီဆိုင်)မှ တပ်ကြပ်ကြီးကျော်ညွှန့်လှိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်း အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးတွင်းရှိ ပြည်သူများအား ဖြန့်ဝေပေးပြီး မှုခင်းအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)