သတင်းများ

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ
Sep 26,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အား/ကာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအသက် ၂၀ နှစ်အောက် အမျိုးသား  ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်
Sep 26,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အား/ကာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် မြစ်ဖျားကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃၀၀)စုအား စားအုန်းဆီ တစ်ပိသာ ငွေကျပ်၄၉၀၀နှုန်းဖြင့်  ဆက်လက်ရောင်းချပေး
Sep 26,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင်မှုဖြင့် ဒေသခံ ပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိသာလျှင် ငွေကျပ် ၄၉၀၀ နှုန်းဖြင့်  ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယနေ့မွန်းလွဲ၂နာရီက ငဖဲမြို့နယ်၊ မြစ်ဖျားကျေးရွာအုပ်စု၊ မြစ်ဖျားကျေးရွာ၊အလယ်ကျေးရွာနှင့် စစ်တောကျေးရွာမှ ပြည်သူများအား  မြစ်ဖျားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးရှေ့၌   ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Sep 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
မအီမြို့ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ) ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
Sep 26,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ) ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)ကျောင် ၌  လူငယ်စကားဝိုင်းကျင်းပ
Sep 26,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊‌ ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မြို့မ)ကျောင်း၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ ဗလငါးတန်နှင့် ပြည်စုံသောလူငယ် လူရွယ်များဖြစ်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆို ပြုမူတတ် စေရန်စသည့်ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဒုတိယအကြိမ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့၌ ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 26,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများ၏ အမည်/နိုင်ကတ်ထပ်ခြင်းများ၊ မှားယွင်းခြင်းများ၊ သေဆုံး/ ပြောင်းထွက်ခြင်း အထောက်အထားများနှင့် တိုက်ဆိုင် စစ်ဆေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မြေ/မျိုး/ပိုးဆိုင်ရာ တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး သိပ္ပံနည်းကျ စိုက်နည်းစနစ်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ/မျိုး/ပိုးဆိုင်ရာ တောင်သူနည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။