ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများ၏ အမည်/နိုင်ကတ်ထပ်ခြင်းများ၊ မှားယွင်းခြင်းများ၊ သေဆုံး/ ပြောင်းထွက်ခြင်း အထောက်အထားများနှင့် တိုက်ဆိုင် စစ်ဆေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မြို့နယ်ကော်မရှင်ဦးစီးအရာရှိ ဦးအေးဇော်အောင်က နိုင်ငံရေးပါတီဝင်များနှင့် ပတ်သက်၍ ဆွေးနွေးရာ ပါတီဝင်များအနေဖြင့် ဦးစွာ မှတ်ပုံတင်ခွင့် တင်ပြရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးပါက ရက်ပေါင်း(၉၀)အတွင်း (ပထစ)စည်းရုံးမည့်ပါတီ ပါတီဝင်(၁)သိန်းခန့်ရှိရန်၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်း စည်းရုံးမည့် ပါတီဝင်(၁)ထောင်ရှိရန်၊ ပါတီတစ်ခုသည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နေ့မှစ၍ ရက်ပေါင်း(၉၀)အတွင်း သတ်မှတ်ဦးရေများကိုတင်ပြရန်၊ ပါတီဝင်များတွင် သာသနာ့ဝန်ထမ်းများ၊ (၁၈)နှစ် မပြည့်သေးသူ (နိုင်ငံ့ဝန်ထမ်းများ)၊ စိတ်ရူးသွပ်သူများ၊ ထောင်ကျနေသူများ၊ နိုင်ငံခြားသားအဖြစ်ခံယူထားသူများ မပါဝင်စေရေးနှင့် ပါတီဝင်များ၏အမည် နိုင်ကတ်များ၊ မွေးသက္ကရာဇ်၊ အဘအမည် ကွဲလွဲနေမှုများ၊ ထပ်နေမှုများ၊ တစ်ဦးထဲမှ (၂)ခါ/(၃)ခါပါဝင်နေသူများအား စိစစ်ရန်နှင့် သေဆုံးစာရင်းများ၊ ပြောင်း/ထွက်သွားသူများ၊ မြေပြင်ပေါ်မရှိသည့် စာရင်းမှား ပါဝင်နေမှုများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ဝာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)