သတင်းများ

မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မြေ/မျိုး/ပိုးဆိုင်ရာ တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး သိပ္ပံနည်းကျ စိုက်နည်းစနစ်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ/မျိုး/ပိုးဆိုင်ရာ တောင်သူနည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပပြုလုပ်
Sep 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲက ကဗျာရွတ် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဒုတိယနေ့) ဆက်လက်ကျင်းပ
Sep 26,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ကို မကွေးမြို့၊ မြို့တော်ခန်းမနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမတို့တွင် ဆက်လက်ကျင်းပ လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Sep 26,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရုံးခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပခဲ့ကြောင်းသိရသည်။
သိန္နီမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားများ စိစစ်စစ်ဆေးရန်အတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားများ စိစစ်စစ်ဆေးရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့သည်။
ကောလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မိုးရာသီအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Sep 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအားကစားပြိုင်ပွဲ (ဖူဆယ်၊ ဘော်လီဘော၊ ကြက်တောင်ရိုက်)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပသည်။
သံတွဲမြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်
Sep 26,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်မှစတင်၍ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွင် စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်းသိရသည်။