ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အား/ကာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအသက် ၂၀ နှစ်အောက် အမျိုးသား  ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

မောင်တော  စက်တင်ဘာ   ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အား/ကာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မန်နေ့နေ့လယ် ၃ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးဦးခင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်စိုး၊ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ/မများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများနှင့် ပြည်သူလူထုများတက်ရောက် အားပေးကြသည်။ အဆိုပါ မြို့နယ်အား/ကာကော်မတီ ဥက္ကဋ္ဌဖလား ကလပ် ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား  ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ “မေယု(က)” အသင်း နှင့် “Young Star F.C” အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး “မေယု(က)” အသင်းက အနိုင်ရရှိခဲ့သည်။ ထို့နောက် မြို့နယ်အား/ကာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား  ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ပြိုင်ပွဲအတွင်း ပထမ၊ ဒုတိယ၊ အကောင်းဆုံး ကစား သမားဆုများရရှိခဲ့သောအသင်းနှင့် ကစားသမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးဦးခင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ ခရိုင်ပညာရေးမှူး ဦးချစ်သိန်းနှင့် တာဝန်ရှိသူများက လည်ဆွဲတံဆိပ်နှင့် ဂုဏ်ပြုဆုများအား အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)