လွိုင်လင်ဆေးရုံ အပျိုဆောင်(၃)ထပ် တည်ဆောက်ပြီးစီးမှုစစ်ဆေး
Sep 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးဦးစီးဌာန၊ အဆောက်အဦးအထူးအဖွဲ့(၁၂)မှ တာဝန်ယူဆောက်လုပ်လျက်ရှိသော လွိုင်လင်ဆေးရုံ အပျိုဆောင်(၃)ထပ်( ၂၂၃၂၀ စ/ပေ)ဆောက်လုပ်ပြီးစီးမှုကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။