သတင်းများ

လွိုင်လင်မြို့နယ်၊ ဟိုခိုက်ကျေးရွာကော်မတီသို့ ဒေသနွားများပေးအပ်
Sep 27,2023
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ဦးစီးဌာနရုံး မှ လွိုင်လင်မြို့နယ် ဟိုခိုက်ကျေးရွာ ကော်မတီထံသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဖြန့်ဖြူးသည့် ဒေသနွား(နွားပြာစိမ်း) အမ (၁၀) ကောင်အား လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ ယာယီနေရာတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းထွဋ် တက် ရောက်၍ အမှာစကားပြောကြားပြီး ဒေသနွားများကို ကျေးလက်နေ ပြည်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထားဝယ်မြို့တွင်မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်စာရင်းများနှင့် စပ်လျဉ်း၍ စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 27,2023
မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်စာရင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၈၅ သိန်း သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကျင်းပ
Sep 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် ၄၈၅ သိန်း သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။
ကသာမြို့၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ကသာမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအား တန်ဖိုးသင့်စားသောက် ကုန်ပစ္စည်းများဖြစ်သည့် စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၇)နာရီအချိန်က မြို့တော်ခန်းမအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး)၌ လူငယ်စကားဝိုင်းကျင်းပ
Sep 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းဇင်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး)တွင် ကျင်းပသည်။
ငါးအစိုအပြင် ငါးခူငါးပိကောင်အဖြစ် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအတွက် ဝင်ငွေရရှိ
Sep 27,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြစ်ပေါက်ကျေးရွာတွင် ငါးခူငါးကို တစ်ပိုင်တစ်နိုင်မွေးမြူကာ ရောင်းချခြင်းလုပ်ကိုင်လျက်ရှိရာ မိသားစုအတွက်ဝင်ငွေပုံမှန်ရရှိကြောင်း သိရှိရသည်။
မိတ္ထီလာမြို့ ပုလဲဈေး၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချ
Sep 27,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် ပုလဲဈေး၌ ပြည်သူ့သက်သာဈေး အရောင်းဆိုင်ကို ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
မိုင်းပွန်မြို့၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောက်လုပ်နေမှုကို ကွင်းဆင်းစစ်ဆေး
Sep 27,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငြိမ်းချမ်းရေး တည်ဆောက်မှုရန်ပုံငွေဖြင့် လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ရွှေကမ္ဘာအနောက်တန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ (အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေ) နှစ်ထပ်ဆောက်လုပ်ခြင်း (မြန်မာမှုအပါ) ဆောက်လုပ်နေမှုအခြေအနေများက ယမန်နေ့မွန်းလွဲ(၃)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။