မြောက်ဦး စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးမြင့်စိုးက စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည် ဉာဏ်သွေးကိုတိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းကိုအထောက် အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ပြီး စာကြည့်တိုက်၊ စာအုပ်စာပေများနှင့်လည်း ထိတွေ့မှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်၍ ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများကိုရှင်း လင်းပြောကြားခဲ့ပြီးနောက် စစ်တုရင်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးမှ ဝင်ရောက် ယှဉ်ပြိုင်သွားပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြင်စိုး (ပြန်/ဆက်)