ငဖဲမြို့နယ် မြစ်ဖျားကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃၀၀)စုအား စားအုန်းဆီ တစ်ပိသာ ငွေကျပ်၄၉၀၀နှုန်းဖြင့်  ဆက်လက်ရောင်းချပေး

ငဖဲ စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင်မှုဖြင့် ဒေသခံ ပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ()ပိသာလျှင် ငွေကျပ် ၄၉၀၀ နှုန်းဖြင့်  ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယနေ့မွန်းလွဲ၂နာရီက ငဖဲမြို့နယ်မြစ်ဖျားကျေးရွာအုပ်စု မြစ်ဖျားကျေးရွာ၊အလယ်ကျေးရွာနှင့် စစ်တောကျေးရွာမှ ပြည်သူများအား  မြစ်ဖျားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးရှေ့၌   ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးနိုင်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြစ်ဖျားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဝယ်ယူအားပေးသူများအား စနစ်တကျတန်းစီ၍ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် မြစ်ဖျားကျေးရွာအုပ်စုအတွင်းရှိ မြစ်ဖျားကျေးရွာ၊ အလယ်ကျေးရွာနှင့် စစ်တောကျေးရွာများမှ အိမ်ထောင်စု (၃၀၀)စုအတွက် စားအုန်းဆီ ပိသာ ၃၀၀ ကို တစ်ပိသာလျှင် ငွေကျပ် ၄၉၀၀ နှုန်း ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စနစ်တကျတန်းစီ၍ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏ စားဝတ်နေရေး အထောက်အကူဖြစ်စေခဲ့ ကြောင်းနှင့် ငဖဲမြို့နယ်အတွင်းရှိပြည်သူများထံသို့ စားအုန်းဆီ ပိသာချိန် နှစ်သောင်းကျော် ရောင်းချ ပြီးဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)