ကျောက်တော် စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မြို့မ)ကျောင်း၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ ဗလငါးတန်နှင့် ပြည်စုံသောလူငယ် လူရွယ်များဖြစ်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆို ပြုမူတတ် စေရန်စသည့်ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဒုတိယအကြိမ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာကြီး ဦးစောလှကျော် အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြား ရာတွင် လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်းဆောင် ရွက်တတ်သည့်အလေ့အထ ကောင်းများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော် လူကောင်းများဖြစ်လာစေရန်၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးစောလှကျော်တို့မှ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း အထက(မြို့မ)မှ Grade- 8 ကျောင်းသား မောင်ခန့်ပိုင်စိုး မှ ကျောင်းသားလူငယ် နှင့်အားကစား၊ Grade- 11 ကျောင်းသူ မရီရီဖြိုးမှ မိမိကျန်းမာရေး အလေးပေး၊ Grade- 11 ကျောင်းသူ မမြတ်သဇင်ကျော်မှ ရာသီဥတုပြောင်းလဲမှုလျော့ချရေး အိုဇုန်းလွှာကို ကာကွယ်ပေး၊ Grade- 9 ကျောင်းသား မောင်ထွန်းထွန်းနိုင်မှ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်စသော ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ လူငယ်စကားဝိုင်း သို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်း ကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဓါတ်ပုံပြပွဲ၊ မူးယစ်အကြမ်းဖက်အကျင့်ဖျက် အမှန်တရားဖြင့်ဒို့တိုက်ဖျက် ဓါတ်ပုံပြပွဲ၊ ကွမ်းစားခြင်းအန္တရာယ်၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း