ကသာမြို့၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

ကသာ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ကသာမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအား တန်ဖိုးသင့်စားသောက် ကုန်ပစ္စည်းများဖြစ်သည့် စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၇)နာရီအချိန်က မြို့တော်ခန်းမအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၅၀) ကျပ်သားကို ငွေကျပ် ၂၈၀၀ နှုန်းဖြင့် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။ စားအုန်းဆီရောင်းချပေးနေမှုကို ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက် ပေးခဲ့သည်။

တန်ဖိုးသင့်စားအုန်းဆီ ရောင်းချပေးခြင်းကို ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့နှင့် မြို့နယ်ကုန်သည်ကြီးများအသင်းက လူဦးရေ(၁၀၀၀)ဦးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။                                                                ကျော်စွာထွန်း(ကသာ)၏