ဇေယျာသီရိမြို့နယ်၌ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၈၅ သိန်း သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကျင်းပ

ဇေယျာသီရိ စက်တင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် ၄၈၅ သိန်း သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ စီမံကိန်းကိုကော်မတီအဖွဲ့နှင့် အသင်းသားများအား ရေရှည်တည်တံ့ခိုင်မြဲအောင် စည်းလုံးညီညွှတ်စွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၈၅ သိန်းကို ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီမှတစ်ဆင့် ရွာသစ်ကုန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၉၅ ဦးအား ရန်ပုံငွေကျပ် ၃၄၁ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၅ ဦးအား ရန်ပုံငွေကျပ် ၁၂၉ သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူလေးဦးအား ငွေကျပ် ၁၅ သိန်း စုစုပေါင်း အသင်းသား ၁၃၄ ဦးအတွက် စုစုပေါင်းရန်ပုံငွေကျပ် ၄၈၅ သိန်း ထုတ်ချေးပေးခဲ့သည်။

အဆိုပါ မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ရွာသစ်ကုန်းကျေးရွာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)