လွိုင်လင်မြို့နယ်၊ ဟိုခိုက်ကျေးရွာကော်မတီသို့ ဒေသနွားများပေးအပ်

လွိုင်လင် စက်တင်ဘာ ၂၇

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ဦးစီးဌာနရုံး မှ လွိုင်လင်မြို့နယ် ဟိုခိုက်ကျေးရွာ ကော်မတီထံသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဖြန့်ဖြူးသည့် ဒေသနွား(နွားပြာစိမ်း) အမ (၁၀) ကောင်အား လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ ယာယီနေရာတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းထွဋ် တက်ရောက်၍ အမှာစကားပြောကြားပြီး ဒေသနွားများကို ကျေးလက်နေ ပြည်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းထွဋ် က အမှာစကားပြောကြားပါသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်ဆန်းဝင်း က ဒေသနွားများ ပေးအပ်ရခြင်းနှင့် မွေးမြူရမည့် နည်းလမ်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။         

ဆက်လက်ပြီး ဒေသနွားများအား ဟိုခိုက်ကျေးရွာမှ  အိမ် ထောင်စု(၁၀)စုအတွက် တစ်စုလျှင် (နွားပြာစိမ်း)နွားမတစ်ကောင်နှုန်းဖြင့် အိမ်ထောင်စု ၁၀စု အတွက် နွားမ၁၀ ကောင်ပေးအပ်ခဲ့ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)