လွိုင်လင် စက်တင်ဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငြိမ်းချမ်းရေး တည်ဆောက်မှုရန်ပုံငွေဖြင့် လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ရွှေကမ္ဘာအနောက်တန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ (အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေ) နှစ်ထပ်ဆောက်လုပ်ခြင်း (မြန်မာမှုအပါ) ဆောက်လုပ်နေမှုအခြေအနေများက ယမန်နေ့မွန်းလွဲ(၃)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်နှင့် အင်ဂျင်နီယာများ၊ တာဝန်ရှိသူဝန်ထမ်းများနှင့် တည်ဆောက်တာဝန်ခံများက လိုက်လံရှင်းလင်းပြသကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်ကြရန်၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)