မြင်းမူ စက်တင်ဘာလ ၂၇
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြစ်ပေါက်ကျေးရွာတွင် ငါးခူငါးကို တစ်ပိုင်တစ်နိုင်မွေးမြူကာ ရောင်းချခြင်းလုပ်ကိုင်လျက်ရှိရာ မိသားစုအတွက်ဝင်ငွေပုံမှန်ရရှိကြောင်း သိရှိရသည်။
ငါးခူမွေးမြူခြင်းကို တစ်ပိုင်တစ်နိုင်စမ်းသပ်မွေးမြူခြင်း ဖြစ်ကြောင်း၊ မန္တလေးအဝယ်ဒိုင်တွေကတော့ စီးပွားဖြစ်မွေးမြူဖို့ ကမ်းလှမ်းကြကြောင်း၊ လောလောဆယ်အချိန်တွင် ထွက်ရှိသည့်ငါးများကို ပါတ်ဝန်းကျင်ကျေးရွာများနှင့် မိမိတို့ကျေးရွာအတွင်း ငါးအစိုအဖြစ် လိုက်လံရောင်းချကြောင်းနှင့် ဝယ်ယူစားသုံးသူနည်းသည့် အကောင်အရွယ်ကြီးငါးများကို ဆားဖြင့်သိပ်ကာ ငါးခူငါးပိကောင်ပြုလုပ် ရောင်းချရသည့်အတွက် မိသားစုအတွက်လ အတော်ကြာဝင်ငွေရရှိကြောင်း မြစ်ပေါက်ကျေးရွာမှ ငါးခူငါးတစ်ပိုင်တစ်နိုင်မွေးမြူလုပ်ကိုင်နေသူ ဦးကျော်သန်းထံမှ သိရှိရသည်။
ငါးကန်အတွင်း ငါးအကောင်ရေ(၇၀၀၀)မွေးမြူထားရှိကာ မွေးမြူပြီ(၃)လအကြာတွင် ဖမ်းယူရောင်းချခြင်းဖြစ်ပြီး ငါးစိုတစ်ပိသာလျှင်ငွေကျပ် (၂၀၀၀၀)ကျပ်ရရှိကြောင်း၊ စုစုပေါင်းငါးအချိန်(၁၅၀၀)ကျော်ခန့် ရရှိမည်မျှော်မှန်းကြောင်းနှင့် ရင်းနှီးငွေနှင့် တွက်ချက်ပါက မိသားစုအတွက်အပိုဝင် ငွေရရှိနိုင်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)