လွိုင်လင် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးဦးစီးဌာန၊ အဆောက်အဦးအထူးအဖွဲ့(၁၂)မှ တာဝန်ယူဆောက်လုပ်လျက်ရှိသော လွိုင်လင်ဆေးရုံ အပျိုဆောင်(၃)ထပ်( ၂၂၃၂၀ စ/ပေ)ဆောက်လုပ်ပြီးစီးမှုကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှေးဦးစွာ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ၄ခန်းတွဲ၄ထပ် ဝန်ထမ်းအိမ်ရာကို ကြည့်ရှု့စစ်ဆေးပါသည်။ထို့နောက် လွိုင်လင်ဆေးရုံအပျိုဆောင် (၃)ထပ် ဆောက်လုပ်ပြီးစီးမှုကို ဆက်လက်ကြည့်ရှု့စစ်ဆေးခဲ့သည်။ကွင်းဆင်းစစ်ဆေးမှုကို လွိုင်လင်ဆေးရုံအုပ်ကြီးနှင့်အဆောက်အဦးတည်ဆောက်ရေးတာဝန်ခံတို့က လိုက်လံရှင်းလင်းပြသကြရာ ခရိုင်ဥက္ကဌနှင့်အဖွဲ့ဝင်များမှ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရမည့်ကိစ္စများကို ဆွေးနွေးမှာကြားခဲ့သည်။
ခရိုင်ပြန်/ဆက