မြို့သစ် စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ(တစ်ဒသမသုံးပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၁ဒသမ၈၀)ပေရှိသည့်အတွက် (တစ်ဒသမသုံးပေခန့်) ရေပိုလွှဲမှ ဆက်လက်ရေကျော် ကျလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)