ပုသိမ်ကြီး စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ရှိ ကျောင်းသား/ကျောင်းသူများအတွက် ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းပြီး အားကစားများပြုလုပ်နိုင်ရန် ကာယဉာနနှစ်ဖြာပြည့်ဝစေရန် ရည်ရွယ်ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ရတနာပုံခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမင်းကြည်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်မှုအပေါ် ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် အားကစားပစ္စည်းများအား ဒုတိယတိုင်းဦးစီးမှူး ဦးမင်းကြည်၊ ခရိုင်ဦးစီးမှူး ဦးရဲမင်းသောင်းတို့က ပေးအပ်ရာ ကျောင်းသား/ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြပြီး၊ ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသားနှစ်ဦးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် စိုက်ပျိုးရေးသိပ္ပံ ရွှေဘို၊ စိုက်ပျိုးရေးသိပ္ပံ လုံပီးကျောင်းတို့ ပူးပေါင်းသင်ကြားလျက်ရှိပြီး၊ စုစုပေါင်း အားကစားပစ္စည်း (၁၈) မျိုးအား မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)