လွိုင်လင် စက်တင်ဘာ ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာန၊ အထက(၂)ကျောင်းတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၂၅ရက်နေ့ မွန်းလွဲ (၂)နာရီက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ပါသည်။
လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက “အတတ်ပညာသည် အသိပညာကိုအခြေခံသည်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပါသည်။ ထို့နောက် အသိပညာပေး ဟောပြောပွဲအပြင် ကျောင်းသား/သူများ၏ မှတ်ဉာဏ်စွမ်းရည်နှင့်ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှု့လေ့လာကြသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ Grade 10 နှင့် Grade 11 မှ ကျောင်းသား/သူ (၂၀၀)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)