သတင်းများ

မင်းလှမြို့နယ်၌ မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Sep 28,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့၌ မင်းလှမူလတန်းကြိုကျောင်း၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မင်းလှမူလတန်းကြိုကျောင်း၌ ကျင်းပလုပ်ခဲ့သည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုည ဒသမ ကိုးပေခန့်) ဆက်လက်ရေကျော်ကျ
Sep 28,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့တွင် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ (သုည ဒသမ ကိုးပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် ပညာပေးအစီအစဥ်များဆောင်ရွက်
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် ပညာပေးရေးအစီအစဥ်များ ဆောင်ရွက်ခြင်း အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ဆေးလိပ်မသောက်ရ Campaign ပိုစတာများ လိုက်လံကပ်နှံခြင်းလုပ်ငန်းများဆောင်ရွက်
Sep 28,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရင်ပြင်တော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများ၌ ဆေးလိပ်မသောက်ရ Campaign ပိုစတာများအား စက်တင်ဘာလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် လိုက်လံကပ်နှံပေးခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ငွေဖြင့် ကျေးရွာအတွင်း ဂဝံလမ်းခင်းခြင်းဆောင်ရွက်
Sep 28,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု ရွာဝိုင်းကြီးကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ငွေဖြင့် ဂဝံလမ်းခင်းနေမှုအားဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် ကျေးရွာကော်မတီဝင်များက သွား‌ရောက်ကြည့်ရှု့အား‌ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် အဖွဲ့မှ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Sep 28,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့တွင် နဂါးမောက်သီးစိုက်ပျိုးမှုနှင့်ရောင်းချမှုများရှိလာပြီး အသီးဈေးကွက်အတွင်း ဈေးကောင်းရ
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းတွင် နဂါးမောက်သီးပင် စိုက်ပျိုးမှုများရှိလာပြီး ၎င်းတို့မှ ထွက်ရှိသော နဂါးမောက်သီးမှာလည်း ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
သရက်မြို့၌ ဆေးခန်းများအား သတ်မှတ်စံချိန်စံညွှန်းအညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး
Sep 28,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဖွင့်လှစ်ထားရှိသည့် ဆေးခန်းများအား သတ်မှတ် စံချိန်စံညွှန်းအညီ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက ရွှေလဝန်းဆေးခန်း၊ရွှေဘုံသာဆေးခန်း၊ ဂန္ဓာဆေးခန်းနှင့် မင်းဆေးကုခန်းတို့တွင် လိုက်လံစစ်ဆေးခဲ့ကြသည်။