ကျိုက်ထို စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရင်ပြင်တော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများ၌ ဆေးလိပ်မသောက်ရ Campaign ပိုစတာများအား စက်တင်ဘာလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် လိုက်လံကပ်နှံပေးခဲ့ကြောင်း သိရသည်။
ပိုစတာများလိုက်လံကပ်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်းနှင့်အဖွဲ့ဝင်များ၊ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး ဇော်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများတို့သည် မြို့နယ်အဆင့်ဌာနဆိုင်ရာရုံး(၁၀)ရုံးတို့ရှိ ရုံးအဝင်မျက်နှာစာနှင့် ရုံးအတွင်းထင်သာမြင်သာရှိသော နံရံများတွင် ဆေးလိပ်မသောက်ရပိုစတာများ လိုက်လံကပ်နှံပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်