ဒိုက်ဦးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ငွေဖြင့် ကျေးရွာအတွင်း ဂဝံလမ်းခင်းခြင်းဆောင်ရွက်

ဒိုက်ဦး စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု ရွာဝိုင်းကြီးကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ငွေဖြင့် ဂဝံလမ်းခင်းနေမှုအားဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် ကျေးရွာကော်မတီဝင်များက သွား‌ရောက်ကြည့်ရှု့အား‌ပေးခဲ့သည်။

အဆိုပါဂဝံလမ်းသည် အရှည် (၁၉၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မရှိကာ VDP ကုန်ကျငွေ (၁၄၂)သိန်း ကုန်ကျကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)