တိုက်ကြီး စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် ပညာပေးရေးအစီအစဥ်များ ဆောင်ရွက်ခြင်း အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး စိုးမိုးကျော် ကအမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် ပညာပေးအစီအစဥ်တွင် ပါဝင်သော Game များဖြင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာ ပူပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)