မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုည ဒသမ ကိုးပေခန့်) ဆက်လက်ရေကျော်ကျ

မြို့သစ် စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်  စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့တွင်  ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ (သုည ဒသမ ကိုးပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀) ပေဖြစ်ပြီးလက်ရှိ ရေမှတ်မှာ (၅၆၁ ဒသမ ၄၀) ပေရှိသည့်အတွက် (သုည ဒသမ ကိုးပေခန့်) ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်းဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ ဝန်ထမ်းများအား အလှည့်ကျရေကင်း တာဝန်ချထားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက် ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)