မက်မန်း အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အမြောက်ပိုင်း)၊ မြောက်ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်ခရိုင်၊ မက်မန်းမြို့နယ်တွင် ဝက်မျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရေးအတွက် ဝက်နက်ကြီးမျိုးစပ် မြန်မာဝက်သိုးအား သားပေါက်(သားစပ်)ရန်အတွက် မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် စမ်းသပ်မွေးမြူးထားကြောင်းသိရသည်။
မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ဒေသဝက်မျိုးစိတ်များကို မွေးမြူလျက်ရှိရာ အသားထွက်နှုန်းနည်းခြင်း၊ ဈေးကွက်တွင်ရောင်းလိုအားနည်းတို့ကြောင့် ဒေသဝက်မွေးမြူခြင်းအစား ဝက်နက်ကြီးမျိုးစပ် မြန်မာဝက်သိုးမွေးမြူခြင်းဖြင့် ဈေးကွက်တွင် ရောင်းလိုအားမြင့်တက်ခြင်း၊ မွေးမြူရာတွင် အသားထွက်တိုးမှုကောင်းမွန်ခြင်း၊ ကြီးထွားနှုန်းမြန်ဆန်ခြင်း၊ အကျိုးကျေးဇူးများ ရရှိစေရန်အတွက် မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် စံပြမွေးမြူခြင်းဖြစ်သည်။ အဆိုပါမွေးမြူသောဝက်ဖြင့် ဒေသအတွင်းရှိ ဝက်မျိုးများအား သားစပ်(သားဖောက်)ခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသအတွင်းရှိ ဝက်များအား မျိုးမြှင့်တင်ပေးခြင်းများကို ဆောင်ရွက်ပေးခြင်းနှင့် ဝက်နက်ကြီးမျိုးစပ် မြန်မာဝက်သိုးများကို မွေးမြူလိုသော ဒေသခံများအနေဖြင့် မွေးမြူသည့် နည်းစနစ်များကိုလည်း လေ့လာနိုင်ပါသည်ကြောင်း ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာမောင်ဝင်းထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)